|
*၀ိပဿနာအလုပ်ပေးတရား ၂၉၂ ပုဒ်ပါ DVD တရားခွေအလှူ* |
|
|
Written by pnth
|
|
Saturday, 28 November 2009 16:26 |
|
ဓမ္မမိတ်ဆွေများခင်ဗျား .. ၀ိပဿနာတရားကို စိတ်ဝင်တစား လေ့လာနေကြသူများ၊ အားထုတ်ရန် ကြိုးစားပြင်ဆင် နေကြသူများနှင့် လက်ရှိ အားထုတ်နေကြသူတိုင်း နာယူသင့်သော မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားဆုံးမတော်မူသည့် ၀ိပဿနာအလုပ်ပေးတရားတော် အပုဒ်ရေ(၂၉၂)ပုဒ်ပါ (MP3 Format ဖြင့်) DVD ခွေကို စေတနာရှင်ဓမ္မမိတ်ဆွေ တစ်စုမှ ဓမ္မုဒါနပြုလိုက်ပါသည်။
အဆိုပါတရားခွေအား နာယူလိုသော စင်္ကာပူရှိ တရားလိုက်စားကြကုန် သော ဓမ္မမိတ်ဆွေများအနေဖြင့် Peninsula Plaza ရှိ သုခကွန်ပျူတာစတိုး (#04-50, Sukha Computer Store) တွင် တစ်ဦးလျှင်တခွေနှုံးဖြင့် ၁၇-၁၀-၂၀၀၉ (စနေနေ့) မှစ၍ အခမဲ့လာရောက်ထုတ်ယူနိုင်ပါသည်။ အဆိုပါ DVD ခွေတွင်ပါဝင်သော ၀ိပဿနာ အလုပ်ပေးတရားတော် (၂၉၂)ပုဒ်ကို အောက်ပါ Link တွင် Download လုပ်၍လည်း တရားနာယူနိုင်ပါသည်။ http://www.dhammadownload.com/MyaSeinTaungSayadaw-Bhaddanta-ZarNayYa-mp3.htm ဆရာတော်၏တရားပွဲ Video Files များကို အောက်ပါ Link တွင် Download လုပ်၍နာယူနိုင်ပါသည်။ http://www.dhammadownload.com/MyaSeinTaungSayadaw-Bhaddanta-ZarNayYa-Video.htm နေရမယ့်အချိန်တွေကလည်းနည်းသွားပြီ၊ သေဖို့ ကလည်းတနေ့ ထက်တနေ့ နီးနီး လာပြီဆိုတာမမေ့ကြပါနဲ့ ။ ရခဲတဲ့လူဘ၀ကိုရပြီးခါမှ စားဝတ်နေရေး အလုပ်တွေနဲ့ ပဲ ဘ၀တစ်ခုလုံးကို မကုန်လွန်ပါစေနဲ့ ။ ပညာရှိသူတော်ကောင်းတွေကို မှီဝဲ ဆည်းကပ်ကြပါ။ သတိပဌာန်တရားတွေ၊ သစ္စာတရားတွေကိုလည်း နာကြားကြပါ။ သံသရာက လွတ်မယ့်ကျွတ်မယ့် ၀ိပဿနာ အလုပ်ကို ဆင်ခြေအမျိုးမျိုးပေးပြီး ရှောင် တိမ်းမနေပဲ လုပ်ဖြစ်အောင် လုပ်ကြပါ။ ဒါမှလူဖြစ်ရကျိုးနပ်မယ်။ သာသနာနဲ့ ကြုံရကျိုးလည်းနပ်မယ် အရှင်ဇာနေယျ (မြစိမ်းတောင်ကျောင်း) လိမ္မြော်ခံကျေးရွာ၊ တိုက်ကြီးမြို့။ လေးစားစွာဖြင့် ဖိုးသား 11/28/2009, SAT:, 4:28:27 PM
|