|
ကျွန်တော်က ကြွက်နေ့ဖွားပါ။ ဒါပေမယ့် ဘာဖြစ်လို့လဲ မသိဘူး.. ကြောင်လေးတွေကို တအားချစ်တယ် ခင်ဗျ။ ကြောင်တွေ့ရင် မနေနိုင်ဘူး။ ဆွဲပွေ့ပြီး ရင်ခွင်ထဲ ထည့်လိုက်ရမှ ကျေနပ်တာ။ လူရှင်းရင် ခိုးတောင် နမ်းလိုက်သေးတယ်.. အဟက်…။ ကျွန်တော့်အမေက အဲဒါကို မကြိုက်ဘူး။ ရောဂါရမှာ စိုးလို့တဲ့။ ဒါပေမယ့်လည်း လစ်ရင် ကျွန်တော် ကတော့ လုပ်တာပဲ။ နေမှ မနေနိုင်တာ။ ပြောသာ ပြောရတယ်…ကျွန်တော့် အမေလည်း ကြွက်နေ့ မွေးတာပဲခင်ဗျ…။ ဒါတွေထား… ခုကျွန်တော်သိသလောက် လေးတွေကို တတ်သလောက်လေး ဝေငှနေပါတယ်…။ ခံယူတတ်တဲ့သူ ရပါလိမ့်မယ်။ လိုတာလေးတွေ၊ မှားတာလေးတွေကိုလည်း ကျွန်တော့်ကို သွန်သင်ပေးကြပါ။ ကျွန်တော်လည်း ခံယူတတ်သူဖြစ်အောင်၊ ဆိုဆုံးမ လွယ်တဲ့သူဖြစ်အောင် ကြိုးစားနေပါတယ်။
|