|
လောကသုံးပါး မောဟ ဖုံးထားသမျှ... သောကနှလုံးသားအား.... အရှုံးထားလက်မြှောက် လမ်းပျောက်တော့မခံဘူး။ အမှန်အမှား၊ သိထားကြည်လင် စင်ကြယ်ခြင်းဖြင့်... ရှင်းသန့်စွာဖြတ်သန်း... ရဟန်းတစ်ပါး ဖြစ်ပါတယ်။
လောကဓံဆိုတဲ့... လောကဓမ္မတရား တွေဟာ ဖြစ်ပျက်တတ်တာ.... ဒီလိုပါပဲ...။ ဘဝထဲမှာ... ထိုးခွဲမွှေနှောက်၊ ချောက်ခြားတတ်တာ... သိနေတာပေါ့။ သတိဖြင့်ကွယ်ကာ၊ ပညာ ဖြင့်ဆင်ခြင်ရင်း အပ္ပမာဒ စံအိမ်တွင်း ထိုးထွင်းချိန်ဆ...၊ ဗုဒ္ဓသားတော်လည်း ဖြစ်ပါတယ်။
ကြားနာရုံပင် အပူစင်လို့ ကျင့်လျှင်ချမ်းသာ လွန်စွာငြိမ်းအေး အမြိုက်ဆေးတွေ... တိုက်ကျွေးနေသူ... ဖေးမသူပဲ။ အပူကျန်သမျှ ယူပြန်ရ လူမှန်သမျှ ကုသ ဆေးဖော်... ဓမ္မသမားတော် တစ်ဦးလည်း ဖြစ်ပေတယ်။
မရဏမင်းရေ သင်ရဲ့ ခြေရင်း... ဝပ်စင်းခဲ့ရ ဘဝတွေများ... ကာလလျားခဲ့။ သင်နိုင်စားရ... တစ်ခဏပေါ့။ သင်ရဲ့ ပိုင်နက်... အဘယ်မျှ ခက်ပစေ။ သင့်လျှို့ဝှက် ပုံ... နည်းပေါင်းစုံပစေ..။ သင့်ပရိယာယ်... နည်းစုံကြွယ် ပေါ့။ သင်ရဲ့မာယာ... ဝင်္ကပါပေါ့။ ဘာဘဲဖြစ်ဖြစ်... သင့်အားနည်းချက် သင့် မြှုပ်ကွက်ကို... အချက်ကျဖော်ထုတ် သုတ်သင်တူးဖြို သူလျှိုတစ်ဦးလည်းဖြစ်ပါတယ်။
သင်မမြင်နိုင်တဲ့နေရာ... ရှာဖွေညွှန်ပြ... မြတ်ဓမ္မသာ... ကိုးကွယ်ရာပါ။ သင်မတွေ့နိုင်တဲ့တရား... အားထုတ်ထားတယ်။ သင် မစွမ်းနိုင်တဲ့ ခွန်အား... ပွားများထားတယ် သင်၏ပိုင်နက်၊ အစွမ်းထက်လှ... အစွမ်းပြလည်း လောက အတွင်းသာ... သင့်အရာပေါ့။ လောက ရဲ့ အလွန်... ဟိုးအစွန်မှာ... လောကုတ္တရာ သင်နားလည်မှာ မဟုတ်ပါ...။ လောကုတ္တရာတရား လောကုတ္တရာ စကား လောကရဲ့ ကိုးကွယ်ရာများ... အားထား နိုးထ... (လောက နာထ)... ဤနာမ ဖြင့်... သင့်အားနှုတ်ဆက်လိုက်ပါတယ်။
(အခါခပ်သိမ်းအောက်မေ့မှု သတိရှိလျက်..မိမိကိုယ်ဟု စွဲယူမှု အတ္တာနု ဒိဋ္ဌိ ကို နှုတ်ပယ် ၍ လောကကို ဆိတ်သုဉ်းသော အားဖြင့်ရှုပါလော့။) မောဃရာဇသုတ်တော် - မြတ်ဗုဒ္ဓ ဟောကြားတော်မူသော သေမင်း မမြင်နိုင်သော တရား ကို အခြေခံပြု ကိုးကားရေးသားပါတယ်။ မရဏနုဿတိကို အသိဖြင့်ဆင်ခြင်ကာ သာသာနာထွန်းကားပြန့်ပွားရေး အတွက် ဆယ်ခု မကသော ဓမ္မ Website များအချိန်ပြည့်ရေးသား ဖန်တီးတော်မူလျက်ရှိသော ဆရာတော်- အရှင်လောကနာထ ( အလိုတော်ပြည့်ကျောင်း၊ ကယ်လီဖိုးနီးယား၊ အမေရိကန် ပြည်ထောင်စု ) ၏ စွမ်းပကားကို ကြည်ညိုပူဇော်၊ ဦးခိုက်၍ ဤ ကဗျာကို ရေးဖွဲ့ပါတယ်။ သစ္စာ အလင်း
http://www.thitsaralin.com/ ---------------**********----------------- ဆရာတော် ဦးလောကနာထ ဓမ္မဒါန မျှဝေထားသော ၀ဘ်ဆိုဒ်များ http://www.lknt.org/ ဗုဒ္ဓတရားတော်များ http://www.lknt11.com/ ဒဿနခရီးစဉ် http://lknt10bd.blogspot.com/ သူတော်ကောင်းတို့၏ အသံတော် http://mingun.us/ မင်းကွန်းတိပိဋက http://lknt1.blogspot.com/ ဗုဒ္ဓတရားတော်များ-၂ http://lknt2.blogspot.com/ ဗုဒ္ဓတရားတော်များ-၃ http://lknt3.blogspot.com/ ဗုဒ္ဓတရားတော်များ-၄ http://lknt8.blogspot.com/ အနတ္တလက္ခဏာ ပါဠိ-မြန်မာ-အင်္ဂလိပ် http://lknt4.blogspot.com/ ဓမ္မပဒ ပါဠိ-မြန်မာ-အင်္ဂလိပ် http://lkntnew.blogspot.com/ ယနေ့ရေးသော တရားတော်များ
|