ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ရွှင်လန်းခြင်းဖြင့် ပြည့်စုံကြပါစေ။

 2010pyaesoneaung@gmail.com

Alt1
Alt1
လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှု
တဏှာဖြင့်) ဆင်းရ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ
သားသမီး ရှိအံ့နည်း? အဘယ်မှာ လျှင် ဥစ္စာ ရှိပါအံ့နည်း။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။


*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)* PDF Print E-mail
Written by pnth   
Wednesday, 23 September 2009 23:34
သညာသိနှင့် ပညာသိ


စိတ်အကြောင်း သိပုံနှင့်ပတ်သက်၍ ကလေးသိ၊ ကျောင်းသားသိ၊ ကမ္မဋ္ဌာန်းသမားသိ၊ သင်္ဂြိုဟ်သမားသိ စသည်ဖြင့် အမျိုးမျိုး သိကြပေရာ မည်သည်ကိုမျှ မှားသည်ဟု မဆိုသင့်။ မှန်သလောက် မှန်သည် ဟူ၍သာ ဆိုရပေမည်။ အနောက်တိုင်းမှ စိတ်ပညာ ဆရာကြီး ( psychologists ) များနှင့် စိတ်ကိုစစ်၍ ရောဂါကုသသော ပညာသည်ကြီးများ ( psychiatrists and psycho-anaylists ) ရှိကြပေရာ ၎င်းတို့ သိထားပုံမှာလည်း အလွန်ပင် နက်နဲပေသည်ဟု ၀န်ခံရပေမည်။ ပဏ္ဍိတဝေဒနိယကျမ်းကို ဖတ်ရပြီးနောက် ကျွန်ုပ်သိရပုံမှာလည်း အတော်ကြီး နက်နဲလှပြီဟု ထင်ခဲ့မိသည်။ သို့ သော် အဆိုပါ သိပုံသိနည်း အားလုံးတို့ သည် သညာသိ (intellect) မျှသာဖြစ်ကြ၍ ဗုဒ္ဓရည်ရွယ်သည့် (ထိုးထွင်းသိမြင်သော) ပညာသိမဟုတ်သေးချေ။
Read more...
 
*အဖိုးတန်လူ* PDF Print E-mail
Written by pnth   
Saturday, 19 September 2009 16:47

#fullpost {display:none;}
 
ကုသိုလ် ဥစ္စာ၊
ကျန်းခံ့သာ၍၊
ပညာ တန်ခိုး၊ တမျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ၀မ်းနည်းဘွယ်။

 

Last Updated ( Saturday, 19 September 2009 16:51 )
Read more...
 
*နတ်လူသာဓုခေါ်စေသော် (သို့) အနာဂတ်ပန်းလေးများ ရှင်သန်နိုင်ဖို့ (၂)* PDF Print E-mail
Written by pnth   
Tuesday, 08 September 2009 20:18


Last Updated ( Tuesday, 08 September 2009 20:24 )
Read more...
 
*စဉ်းစားခန်း* PDF Print E-mail
Written by pnth   
Tuesday, 08 September 2009 20:14
မသိခဲ့ပါဘူး
ယခင့် ယခင် ဟိုးအရင်က…။

ခုတော့
ကီးဘုတ်ပေါ်ပြေးလွှားနေတဲ့
မညီမညာ လက်ချောင်းတွေကို မြင်တိုင်း
ညီညာလှပ
မြတ်ဗုဒ္ဓရဲ့ လက်ချောင်းတွေကို
အားကျမိပါရဲ့…။
Read more...
 
*အနာဂတ် ပန်းလေးများ ရှင်သန်နိုင်ဖို့ (၁)* PDF Print E-mail
Written by pnth   
Friday, 24 July 2009 15:19


Last Updated ( Friday, 24 July 2009 15:25 )
Read more...
 
*ရတာမလို လိုတာမရ ဤလောက…* PDF Print E-mail
Written by pnth   
Saturday, 18 July 2009 13:50
“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါလိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။
Read more...
 
*သိက္ခာရှိတဲ့လူ...* PDF Print E-mail
Written by pnth   
Tuesday, 14 July 2009 12:46

More is the treasure of the Law than gems;
Sweeter than comb its sweetness: its delights
Delightful past compare. Thereby to live
Hear the Five Rules aright:
Last Updated ( Tuesday, 14 July 2009 12:50 )
Read more...
 
*ချစ်လှစွာသော.. အမေ* PDF Print E-mail
Written by pnth   
Monday, 13 July 2009 18:54
အမေရေ…

သတိရလိုက်တာ.. ဘာတွေ လုပ်နေလဲ အမေ.. အမေနဲ့ မတွေ့ရ တာတောင် တော်တော် ကြာသွားပြီနော်.. အမေ နေကောင်းရဲ့လား..

အမေ သိလား.. ဒီနေ့ အမေ့ မွေးနေ့လေ.. ၇ လပိုင်း ၁၂ ရက်နေ့.. သား ဒီမွေးရက်ကို နှစ်တစ်ရာ ပြက္ခဒိန်က ရှာထားတာ.. အမေ့ကို မွေးနေ့ မေးတုန်းက အမေက မြန်မာလို မွေးရက်ကြီး ပြောတယ်.. ဒုတိယ ၀ါဆိုလဆန်း ၃ ရက်တဲ့.. နောက် ခုနှစ်က ၁၃၀၇ တဲ့လေ.. အဲဒီတုန်းက သားက မြန်မာလိုမှ ရက် မတွက်တတ် သေးတာ အမေရ.. အဲတော့ နှစ်တစ်ရာ ပြက္ခဒိန်ထဲ အမေ့မွေးနေ့ကို ပြန်ရှာရတာပေါ့..
Read more...
 
*တီလေးသစ္စာအလင်းသို့ ပေးစာ (မမေ့ကြေးနော် တီလေး)* PDF Print E-mail
Written by pnth   
Monday, 13 July 2009 18:52

တီလေးရေ…

ဒီနေ့ (10.07.2009) ရက်နေ့ကို တီလေး မွေးနေ့လို့ မထင်ဘူး.. ကိုဝင်းမြင့်ရဲ့ မေးလ်ဝင်လာတော့ ၁၀-ရက် နေ့လည်း ဆိုရော နည်းနည်း အံ့သြသွားတယ် သား.. ဒါပေမယ့် သား မယုံသေးဘူး.. ဘာလို့လဲ ဆိုတော့ တီလေးနဲ့ သား စကားပြောတုန်းက တီလေး ရိုက်ပေးတာ ၂၀-ရက်နေ့ ဖြစ်နေတာ.. အဲဒါကြောင့် မယုံတာ.. တီလေး ဘလော့ကို ၀င်ကြည့်မိမှ တီလေး မွေးနေ့မှန်း သိလိုက်ရတယ်..
Last Updated ( Monday, 13 July 2009 18:54 )
Read more...
 
ဆရာတော် ဦးသုမင်္ဂလ၏ တရားတော်များ PDF Print E-mail
Written by pnth   
Saturday, 11 July 2009 12:48

http://www.dhammaransi.net/UThuMingala.html

PART 1-8 http://www.mediafire.com/download.php?2imyyhzldyl

PART 9-16 http://www.mediafire.com/download.php?z3zeywwyqdm

Last Updated ( Saturday, 28 November 2009 16:53 )
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 6 of 20
This is your copyright info.
Hosting အလှူရှင် (စေတနာရှင်) နှင့် ဖိုးသားမှ ဓမ္မဒါနပြုပါသည်