ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ရွှင်လန်းခြင်းဖြင့် ပြည့်စုံကြပါစေ။

 2010pyaesoneaung@gmail.com

Alt1
Alt1
လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှု
တဏှာဖြင့်) ဆင်းရ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ
သားသမီး ရှိအံ့နည်း? အဘယ်မှာ လျှင် ဥစ္စာ ရှိပါအံ့နည်း။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။


*9th annual non-Stop Patthan Pwe live broadcast from Azusa temple-4* PDF Print E-mail
Written by pnth   
Sunday, 11 October 2009 11:39
 
*9th annual non-Stop Patthan Pwe live broadcast from Azusa temple-3* PDF Print E-mail
Written by pnth   
Sunday, 11 October 2009 11:36
 
*9th annual non-Stop Patthan Pwe live broadcast from Azusa temple-2* PDF Print E-mail
Written by pnth   
Sunday, 11 October 2009 11:35
 
*9th annual non-Stop Patthan Pwe live broadcast from Azusa temple* PDF Print E-mail
Written by pnth   
Sunday, 11 October 2009 11:33
 
*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၅)* PDF Print E-mail
Written by pnth   
Saturday, 10 October 2009 00:14
အနတ္တသဘောတရား

ကောင်းပါပြီ။ ကြံစည်ချင်ရာ ကြံစည်တတ်သော စိတ်ကလေးကိုပင် ပိုင်ဆိုင်သူမရှိဟု ဆိုပါလျင် ဖြစ်ချင်ရာဖြစ်၊ ပစ်ထားရတော့မည်လော။ ၄င်းကို ချုပ်ကိုင်ကြိုးကိုင်ခြင်း မပြုရတော့ပြီလော။ အဘယ်သို့ သော အခြင်းအရာဖြင့် ၄င်းကို ထိန်းသိမ်းအုပ်ချုပ်ပါမည်နည်း ဟူသောမေးခွန်းများ ပေါ်ပေါက်လာရတော့မည်။ ဟုတ်ပေသည်။ တရားအားထုတ်ခြင်းဟူသည်မှာ စိတ်ကို အထိုက်အလျောက် ကြိုးကိုင်နိုင်စေရန်၊ သို့ မဟုတ် ကြိုးကိုင်နည်းတွေ့ ရှိရန် ဖြစ်ပေသည်။ စိတ်ကို ပိုင်ဆိုင်သူရှိမရှိ အပထား၍ စိတ်၏သဘာဝသည် တောင်ခုန် မြောက်ခုန် ပြေးလွှား၍သာ နေချင်တတ်သည်။
Read more...
 
*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၄)* PDF Print E-mail
Written by pnth   
Saturday, 10 October 2009 00:13
ယိုးဒယားကနည်းနှင့် တူခြင်း

“အိပ်မက်လောက” ထဲမှ တတုံ တတုံထွက်၍ “ဒိဋ္ဌလောက” ထဲ၌ စိတ်ကိုထားခြင်းအားဖြင့် တစ်ချက်တစ်ချက်တွင် သိမြင်ရသော အခြင်းအရာများမှာ တန်ဖိုးရှိလှသည်။ အတော်ကြီးကျင့်သားရလာသောအခါ “အိပ်မက်လောက” မှထွက်၍ ဒိဋ္ဌလောကသို့  ၀င်လိုက်ဆိုလျင်ပင် ယခင်က ပူပန်သောကရောက်ခြင်းများ၊ အလိုမကျသဖြင့် ဒေါသဖြစ်ခြင်း စသော နှလုံးမသာယာမှုများသည် မီးကို ရေနှင့် ငြိမ်းသတ်လိုက်ဘိသကဲ့သို့  ရုတ်ချည်း ပျောက်ကွက်သွားတတ်ပေသည်။
Read more...
 
*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၃)* PDF Print E-mail
Written by pnth   
Wednesday, 23 September 2009 23:42
ဒိဋ္ဌလောက

ဒိဋ္ဌလောကဟူသည်ကား အဘယ်သို့ နည်း။

အထက်ပါ ဥဒါဟရုဏ်၌ ၀န်ကြီးသည် ၄င်း၏နေအိမ်အတွင်း ဆိုဖာပေါ်၌ထိုက်လျက် ဆေးလိပ်သောက်နေသည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထိုအခိုက်တွင် လမ်းပေါ်မှ ကားသွားသံနှင့် ဟွန်းသံများ ကြားကောင်းကြားပေလိမ့်မည်။ နောက်တခဏတွင် ကားသံရော၊ ဟွန်းသံပါ (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ဆုံးကွယ်ပျောက် သွားကြပေလိမ့်မည်။ သူ၏ စပယ်နီယယ် ခွေးကလေးတက်လာသည်ကို မြင်လိုက်ရ၍ သူ၏ခြေသလုံးကို ပွတ်သီးပွတ်သပ် လုပ်ခြင်းကြောင့် ရူပါရုံထိခိုက်ခြင်းနှင့် ဖောဋ္ဌဗ္ဗရုံ အတွေ့ သဘောတို့  (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ဖြစ်ပေါ်ပြီး ကွယ်ပျောက်ကုန်ဆုံးသွားကြပေလိမ့်မည်။
Read more...
 
*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၂)* PDF Print E-mail
Written by pnth   
Wednesday, 23 September 2009 23:40
“ထင်ကြေး” နှင့် ကြည်နူးခြင်း

တဖန် သောင်းသောင်းဖြဖြကြိုဆိုကြခြင်းများ၊ ပန်းစည်းဆက်ကြခြင်းများသည် အတိတ်ကာလ၌ဖြစ်ပျက်ခဲ့သော အခြင်းအရာများသာဖြစ်၍ ဆိုဖာကြီးပေါ်၌ ၀န်ကြီးထိုင်လျက်ရှိသောအချိန်တွင် ပြီးပျက်ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ ထိုအချိန်တွင် ကြိုဆိုကြသော အရာရှိများနှင့် မြို့ မိမြို့ ဖများအနက်မှ တစ်ယောက်နှစ်ယောက်ပင် ကွယ်လွန်ချင် ကွယ်လွန်နိုင်ပြီ မဟုတ်ပါလော။ ၀န်ကြီးအား စည်စည်ကားကား ကြိုဆိုနိုင်စေရန်အတွက် အချို့ အလုပ်ရုံမှ အလုပ်သမားများအား ပိုက်ဆံပေးပြီး အလုပ်ပိတ်ပေးရခြင်းလည်း ဖြစ်နိုင်သည်။
Read more...
 
*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၁)* PDF Print E-mail
Written by pnth   
Wednesday, 23 September 2009 23:38
လောကနှစ်မျိုး

ဒိဋ္ဌေဒိဋ္ဌမတ္တံ ဟူသော ဗုဒ္ဓသြဝါဒအရ အလေ့အကျင့် ပြုလုပ်လာခဲ့သော ကျွန်ုပ်အမြင်၌ လောကသည် နှစ်မျိုးရှိ၏။ ပထမတစ်မျိုးမှာ “ပညတ်လောက” သို့ မဟုတ် အိပ်မက်လောက (dream world) ဖြစ်၍ ဒုတိယတစ်မျိုးမှာ “ပရမတ်လောက” သို့ မဟုတ် ဒိဋ္ဌလောက (actual world) ဟူ၍ ဖြစ်သည်။ သတ္တဝါဟူသမျှသည် သံသရာလဆန်း တစ်ရက်နေ့ မှစ၍ “အိပ်မက်လောက” ထဲ၌သာလျှင် တစ်လျှောက်လုံး မွေ့ လျော်ပျော်ပိုက်လာခဲ့ကြ၏။ အဘယ်ကြောင့် “အိပ်မက်လောက” ဆိုနိုင်ပါသနည်း။ (ကျွန်ုပ်မှာ စာတတ်ပေတတ်မဟုတ်သောကြောင့် စာတတ်သူများ၏ အမြင်၌ အသုံးအနှုန်း၊ အခေါ်အဝေါ်များမှာ မှန်ကောင်းမှ မှန်ပေ၏။ သို့ ရာတွင် စာမတတ်သော အရပ်သားများ နားလည်အောင် “စိတ်ဝင်စားအောင်” ရေးသားတင်ပြခြင်းဖြစ်၍ ၄င်းတို့ နားလည်ကြလျင် ပြီးရောဟု သဘောပိုက်မိပါတော့သည်။)
Read more...
 
*ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၀)* PDF Print E-mail
Written by pnth   
Wednesday, 23 September 2009 23:36
စဉ်းစားတွေးတော၍ မဖြစ်

အထက်တွင် ရေးသားဖော်ပြခဲ့သမျှမှာ အောက်တွင် ရေးသားဖော်ပြလတ္တံ့ သော အကြောင်းအရာများအတွက် ပဏာမပျိုးလိုက်ခြင်းမျှသာ ဖြစ်သည်။

ဗုဒ္ဓဟောတော်မူခဲ့သည့် တရားတော်များ၏ အဆီအနှစ် အကျဉ်းချုပ်မှာ ရုပ်ဓမ္မ၊ နာမ်ဓမ္မတို့ ၏ သဘော သဘာဝတ္တ အစစ်အမှန်ကို သိမြင်ကြစေခြင်းအတွက်မျှသာ ဖြစ်၏ ။ လောကဟူသည် ဘယ်မျှလောက် ကျယ်ဝန်းသည်ဖြစ်စေ၊ လိုရင်းအချူပ်၌ ရုပ်နှင့် နာမ်မျှသာ ရှိ၏။ တစ်နည်းဆိုသော် ခန္ဓငါးပါးမျှသာ ရှိ၏။ ခန္ဓငါးပါးအနက်တွင်လည်း တစ်ပါးပါးကို ယထာဘူတကျကျသိလျှင် ကိစ္စပြီးနိုင်သည်ဟု ဟောတော်မူ၏ ။
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 5 of 20
This is your copyright info.
Hosting အလှူရှင် (စေတနာရှင်) နှင့် ဖိုးသားမှ ဓမ္မဒါနပြုပါသည်