ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ရွှင်လန်းခြင်းဖြင့် ပြည့်စုံကြပါစေ။

 pyaesoneaung2007@gmail.com

Alt1
Alt1
လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှု
တဏှာဖြင့်) ဆင်းရ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ
သားသမီး ရှိအံ့နည်း? အဘယ်မှာ လျှင် ဥစ္စာ ရှိပါအံ့နည်း။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။


*ကျေးဇူးတော်အရှင် ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ ဟောကြားတော်မူသော တရားတော်များ VCD* PDF Print E-mail
Written by pnth   
Monday, 08 February 2010 18:26

Dhamma Talk Video

ရာဂဆယ်မီး ငြိမ်းနည်း ထိုနိဗ္ဗာန်

၇-၇-၂၀၀၂ ဓမ္မာနုပဿနာ တရားပွဲ

၂၃-၁-၂၀၀၇ စင်္ကာပူ (၁)

၂၃-၁-၂၀၀၇ စင်္ကာပူ (၂)

၂၁-၁-၂၀၀၇

၂၄-၁-၂၀၀၇

Read more...
 
*မေတ္တာတွေ ပေးမယ်* PDF Print E-mail
Written by pnth   
Friday, 05 February 2010 16:25
လောဘ ကိုယ့်အတွက်၊ ရည်ရွယ် လျက်၊ သူ့အတွက် အကျိုးထင်။
မေတ္တာသူ့တွက်၊ ရည်ရွယ် လျက်၊ ကိုယ့်အတွက် အကျိုးထင်။

ဒီကဗျာ-ကို စာရေးသူတို့ ငယ်ဆရာဖြစ်သည့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်တိလောကာဘိဝံသ က သူ၏တပည့် ဒကာ ဒကာမများအား မကြာခဏ တိုက်တွန်းလေ့ရှိ၊ သြ၀ါဒပေး ဆုံးမလေ့ရှိတဲ့ ကဗျာလေးပါ။ စာရေးသူတို့နှင့် တရင်းတနှီး အကျွမ်းဝင်နေသော ကဗျာဟု ဆိုက မှားအံ့မည် မထင်။ ကဗျာလေးက တိုတောင်းလှပေမယ့် ရည်ရွယ်ချက်က တိုတို ကျဉ်းကျဉ်းနဲ့ လိုရင်း မိတယ်။ တိကျ ပေါ်လွင်တယ်။ လူသားဆိုတာကလည်း ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့ အမြဲတမ်း အလိုရှိနေတာ မဟုတ်လား။ အဲဒီအတွက် အသုံးအဆောင် ပစ္စည်းများကို မိမိရဲ့ စိတ်နဲ့ကိုယ် အတွက် ဖျော်ဖြေစရာ ဇိမ်ခံပစ္စည်းအဖြစ် ရှာဖွေ ၀ယ်ယူသုံးဆောင်ကြရပြန်တယ်။
Read more...
 
*မုဒိတာဖြင့် ဘလော့ဂ်ခြင်း* PDF Print E-mail
Written by pnth   
Tuesday, 26 January 2010 14:07
(၁)
လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျဝါဟလာ နေရူးနှင့် အမီတာ ဘာချန်တို့ မွေးရပ်မြေ အလာဟဘဒ် မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ် ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီ ခရိုင်အဖြစ် အသိအမှတ်ပြု ခေါ်ဝေါ်နေကြဆဲပင် ဖြစ်သည်။ ကောသမ္ဘီ မြို့ဟောင်းသည် မြို့ပျက်ကြီး သဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်း မို့မို့လေးများနှင့် ဃောသိတာရုံ ကျောင်းနေရာဟု ယူဆရသော ပရိဝုဏ် အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။

ဃောသိတာရုံ ကျောင်းဆိုသည်က ဃောသက သူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ ဃောသက သူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေး သာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်း အရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။ သာမာဝတီတွင် မာဂဏ္ဍီ အမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။
Read more...
 
*စိတ္တာနုပဿနာ ရှုပွားနည်း (မိုးကုတ်ဆရာတော် ဘုရား)* PDF Print E-mail
Written by pnth   
Sunday, 17 January 2010 00:19
စိတ္တာနုပဿနာ ရှုပွားနည်း

ဤ စိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နှင့် ပတ်သက်ပြီး မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ် ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]

"ကမ္မဋ္ဌာန်းတွေ ကတော့ အစုံရှိတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ် ကိုယ် ရှုတာ အလျော်ဆုံး (မှန်ပါ) စိတ္တာ နုပဿနာပေါ့" (မှန်ပါ)

စိတ်ဆိုတာ ဖြစ်ပြီး ပျက်ပျက်သွားတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)
အဲဒါကို သိတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)
Last Updated ( Sunday, 17 January 2010 00:33 )
Read more...
 
*သက္ကာယဒိဋ္ဌိ- မြစိမ်းတောင် ဆရာတော်* PDF Print E-mail
Written by pnth   
Sunday, 10 January 2010 03:52
အပိုင်း (၁)
 
အပိုင်း (၂)
 
Last Updated ( Sunday, 10 January 2010 03:55 )
 
*အရှင်အာစာရာလင်္ကာရ၏ တရားတော်များ* PDF Print E-mail
Written by pnth   
Friday, 01 January 2010 19:25
အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ)
နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ

၁။ မိဘကျေးဇူး အကြေဆပ်နည်း၊ ၂၇-၁၂-၂ဝဝ၅၊

 
 ၂။ မိဘကျေးဇူး ဆပ်ကြပါစို့၊ ၁၇-၁၂-၂ဝဝ၅၊ (၁)
 
 
၃။ မိဘကျေးဇူး ဆပ်ကြပါစို့၊ ၁၇-၁၂-၂ဝဝ၅၊ (၂)
 
Last Updated ( Friday, 01 January 2010 19:39 )
Read more...
 
*သီတဂူဆရာတော် ဦးဥာဏိဿရ၏ တရားတော်များ* PDF Print E-mail
Written by pnth   
Saturday, 28 November 2009 17:00

Read more...
 
*ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)* PDF Print E-mail
Written by pnth   
Saturday, 28 November 2009 16:46
စိတ်ဓာတ်ငြိမ်းချမ်း လူ့အစွမ်း
အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်
အသိမှန်ကန် ကိုယ့်ဘို့ကျန်
အမှန်တရား လူ့စွမ်းအား
မေတ္တာလွှမ်းခြုံ ဘေးရန်လုံ
ကိုယ့်ကိုကိုယ်နိုင် စွမ်းအားပိုင်
သမုဒ္ဒရာ ဝမ်းတထွာ
ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ်
အသိမှန်ကန် အဖိုးတန်
မီးသတိပြု

Read more...
 
*ဇမ္ဗူသီရိ- တရားတော်များ Download ရယူရန်* PDF Print E-mail
Written by pnth   
Saturday, 28 November 2009 16:40
ဖြူးဆရာတော်
မိဘကျေးဇူးအသက်ပေး၍ဆပ်သူ - ဖြူးဆရာတော်
အမေ့ကျေးဇူးမကြေငါမသေ(၁) - ဖြူးဆရာတော်
အမေ့ကျေးဇူးမကြေငါမသေ(၂) - ဖြူးဆရာတော်
အောင်ပွဲရဝေဒနာယောဂီ
မီးလောင်ပြင်မှာပွင့်သောပန်း
အနီးအဝေးသုံးနှင့်လေး၊သုဘဒ္ဒါလိုမိန်းကလေး
ခရီးသွား၊ခရီးနား
ဝိပဿနာအားထုတ်ခြင်းအကြောင်း
ဒါရုက္ခန္ဓောပမာသုတ္တန်
Read more...
 
*၀ိပဿနာအလုပ်ပေးတရား ၂၉၂ ပုဒ်ပါ DVD တရားခွေအလှူ* PDF Print E-mail
Written by pnth   
Saturday, 28 November 2009 16:26

ဓမ္မမိတ်ဆွေများခင်ဗျား ..

ဝိပဿနာတရားကို စိတ်ဝင်တစား လေ့လာနေကြသူများ၊ အားထုတ်ရန် ကြိုးစားပြင်ဆင် နေကြသူများနှင့် လက်ရှိ အားထုတ်နေကြသူတိုင်း နာယူသင့်သော မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားဆုံးမတော်မူသည့် ၀ိပဿနာအလုပ်ပေးတရားတော် အပုဒ်ရေ(၂၉၂)ပုဒ်ပါ (MP3 Format ဖြင့်) DVD ခွေကို စေတနာရှင်ဓမ္မမိတ်ဆွေ တစ်စုမှ ဓမ္မုဒါနပြုလိုက်ပါသည်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 17
This is your copyright info.
Hosting အလှူရှင် (စေတနာရှင်) နှင့် ဖိုးသားမှ ဓမ္မဒါနပြုပါသည်